Thursday, July 19, 2012

Hacker များသည် Yahoo ၀ဘ်ဆိုဒ်အားဖောက်ထွင်း၍ Password (၄)သိန်းခန့်ခိုးယူ


မသာမာသူ hacker များသည် Yahoo ဝက်ဘ်ဆိုဒ်ပေါ်မှ username နှင့် password စုစုပေါင်း ၄၀၀,၀၀၀ ခန့်အား ဖောက်ထွင်းခိုး ယူခဲ့ကြောင်း Yahoo မှ ယနေ့တွင် အတည်ပြုသွားခဲ့သည်။

Hacker များသည် ယင်းတို့ ခိုးယူရရှိခဲ့ရသော အချက်အလက်များအား အင်တာနက်ပေါ်တွင် ဖြန့်ဖြူးခဲ့ကြောင်းလည်း သိရှိရသည်။

Yahoo ၏ ဆာဗာအချို့သည် ပြင်ပမှ ဖောက်ထွင်းမှုအား တွန်းလှန်နိုင်ရန် လုံခြုံရေး အလုံအလောက်မရှိသဖြင့် ယခုကဲ့သို့ ပြု လုပ်ခြင်း ခံခဲ့ရသည်ဟု သိရှိရပြီး ခိုးယူခံရသည့် password များသည် Yahoo ဆိုဒ်မှ သုံးစွဲသူများ၏ password များသာမကဘဲ၊ Gmail, AOL, MSN နှင့် Hotmail တို့မှ password များလည်း ပါဝင်သည်ဟု သိရှိရသည်။

Yahoo အနေဖြင့် တောင်းပန်စာ တစ်စောင်အား ယနေ့တွင် ထုတ်ပြန်ခဲ့ရသည်။ တစ်ချိန်က လူကြည့်အများဆုံး ဝက်ဘ်ဆိုဒ်တစ်ခု ဖြစ်ခဲ့သောYahoo သည် လက်ရှိအချိန်တွင် ဝင်ငွေကျဆင်းပြီး ဈေးကွက်အတွင်း ရုန်းကန်နေရသည့် Yahoo သည် တစ်နှစ် အတွင်း အမှုဆောင်အရာရှိချုပ် နှစ်ဦး ပြောင်းလဲခဲ့ရပြီးဖြစ်သည်။

Yahoo ၏ ပြောခွင့်ရ အမျိုးသမီးက “ကျွန်မတို့ အနေနဲ့ ဖောက်ထွင်းခံခဲ့ရတဲ့ အဓိက ပြဿနာကို ရှာဖွေဖော်ထုတ်ပြီး ပြုပြင်လျက် ရှိပါတယ်။ လက်ရှိအချိန်မှာ ခိုးယူခံရတဲ့ password တွေကို အမြန်ဆုံးပြောင်းလဲသွားဖို့နဲ့ ယခုဖြစ်ရပ်ကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ ကုမ္ပဏီတွေကို အကြောင်းကြားဖို့ အဓိကထား ဆောင်ရွက်နေပါတယ်။ သုံးစွဲသူများ အနေဖြင့်လည်း မိမိတို့ရဲ့ password များကို ရံဖန်ရံခါ ပြောင်းလဲသွားဖို့ လိုအပ်ပါတယ်ရှင်။” ဟု ပြောကြားသွားခဲ့သည်။


credit : kokyikyaw

0 comments:

Related Posts Plugin for WordPress, Blogger...