Friday, March 2, 2012

ယူနီကုဒ်၏ အားသာချက်


မြန်မာအက္ခရာ တစ်လုံးတွင် ပုံစံကွဲပါသော်လည်း ယူနီကုဒ်တွင် ကုဒ် တစ်မျိုးတည်းသာရှိသည်။ စံသတ်မှတ်ချက်မကိုက်ညီသော ယူနီကုဒ် အမည်ခံဖောင့်ကဲ့သို့ အက္ခရာပုံစံများပြားနေခြင်းမရှိပါ။ အက္ခရာပုံစံ များပြား ခြင်းသည် အသုံးပြုသူအတွက် ကရိကထများစေသလို မလိုလား အပ်သည့်ဖောင်းပွမှု ကိုလည်းဖြစ်စေသည်။ ဥပမာအားဖြင့် တင်ပြရ လျှင် ဖောင့်တစ် ခုတွင် (ပြ) ရရစ်ပုံစံရှစ်မျိုးရှိနေခြင်းသည် အသုံးပြုသူကို ကရိကထများ စေသည်။

ထို့အပြင် ယူနီကုဒ်စနစ်တွင် ထိုကဲ့သို့ အက္ခရာ ပုံစံများပြား ရန်လည်းမလိုအပ်ပါ။ ယူနီကုဒ်အသုံးပြုသော အခါ အက္ခရာအစဉ် အလိုက် စကားလုံးများကို ရှာဖွေနိုင်ခြင်း၊ အမျိုးအစား ခွဲခြင်း၊ အက္ခရာဝလီ စဉ်ခြင်း၊ မြန်မာစကားလုံး များကို ရှာဖွေခြင်း စသည် တို့ကို မှန်ကန် တိကျစွာပြုလုပ်ပေးနိုင်သည်။ မလိုလားအပ်သော အက္ခရာ ပုံစံ များပြားနေခြင်းသည် စကားလုံးကိုရှာဖွေခြင်း၊ အက္ခရာဝ လီစဉ်ခြင်းတို့ အတွက် မှန်ကန်သော ရှာဖွေခြင်း၊ ဝလီစဉ် ခြင်းတို့ ကို ပြု လုပ်ပေးနိုင်မည် မဟုတ်ပါ။ ယူနီကုဒ်မဟုတ်သော အခြားစနစ် များနှင့် စံသတ်မှတ်ချက်နှင့် မကိုက်ညီသော ယူနီကုဒ်အမည်ခံဖောင့်များကို အသုံးပြုသောအခါ မိမိတို့သိမ်းဆည်းထားသည့် အချက်အလက်များကို မှန်ကန်တိကျစွာ ရှာဖွေခြင်းမပြုလုပ်နိုင်ကြောင်း တွေ့ရသည်။ အများပြည် သူအသုံးပြုသော အိုင်စီတီဆိုင်ရာဆော့ဝဲ၊ ဟာ့ဒ်ဝဲလ် များတွင် ယူနီကုဒ်စံနှုန်းကို အတိအကျ လိုက်နာထားသောမြန်မာယူနီကုဒ်ဖောင့်များကိုသာ အသုံးပြုကြ မည်ဖြစ်သည်။ ယူနီကုဒ်စံ သတ်မှတ်ချက်သည်နိုင်ငံတကာ စံသတ်မှတ်ချက် တစ်ခုဖြစ်သောကြောင့် နိုင်ငံတကာတွင် ရှိသည့် အိုင်စီတီဆိုင်ရာ စီးပွားရေး လုပ်ငန်းများ၊ အဖွဲ့အစည်းများ၊ အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း များသည် ယူနီကုဒ်စံနှုန်းကိုသာ လိုက်နာ အသုံးပြုကြမည်ဖြစ်သည်။ အိုင်စီတီ ဆိုင်ရာ လုပ်ငန်းများ၏ ထုတ်ကုန်များတွင် စံနှုန်းမှီသော၊ စံနှုန်းသတ်မှတ်ချက် အား အပြည့်အဝ လိုက်နာထားသော ယူနီကုဒ်ကိုသာ အသုံးပြုနေ ကြပြီဖြစ်သည်။

0 comments:

Related Posts Plugin for WordPress, Blogger...