Saturday, December 24, 2011

ယူနီကုတ် ကိုလုံးဝ မကြောက်ပါနဲ့၊ သုံးဖြစ်အောင်သုံးလိုက်ကြပါ

Myanmar IT World မှ ကိုလွင်ဇော် တင်ထားသောမြန်မာစာ ယူနီကုတ်များအသုံးပြုဖို့ရာ ခက်ခဲရှိနေသူအားလုံးအတွက် ကိုငွေထွန်း (ကျွန်တော်မသိပါ) ရေးသားထားသော java script များကို အခြေခံကာ မြန်မာ့အိုင်တီဝေါ (Mit world) မှ ယခု ယူနီကုတ်စနစ်အား ယူနီကုတ် သုံးသူ မသုံးသူအားလုံးအတွက် ထုတ်ဝေထားသည်ကို ကျွန်တော် ပြန်မျှဝေပေးလိုက်ခြင်းဖြစ်ပါသည်။

လုပ်ပုံလုပ်နည်းအားလုံးကိုလည်း သေချာစမ်းသပ်ကြည့်ကြပါ။

ကိုငွေထွန်းနှင့် မြန်မာ့အိုင်တီဝေါမှ မိတ်ဆွေများကို ဒီနေရာကနေ ကျွန်တော် ခရက်ဒစ် ပေးပါသည်။

စနစ်ကျသော မြန်မာစာစီစနစ်ဖြစ်ရန် အတွက် စနစ်ကျသော စာလုံးများကို အသုံးပြုသင့်သည်။ ထို့အတွက် မြန်မာယူနီကုဒ်စာလုံးများကို အသုံးပြုရလွယ်ကူစေရန် JZ2UFileConverter ကို ရေးသားခဲ့၏။ စနစ်ကျသော မြန်မာစာလုံးများအတွက် တစ်ဘက်တစ်လမ်းက အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်။

မြန်မာစာသည် စနစ်ကျသော ယူနီကုဒ်စာလုံးများကို အသုံးပြုရန် ပြောင်းလည်း၍လာနေ၏။ အသုံးပြုသင့်သည်မှာ ကြာပြီဖြစ်၏။ သို့ရာတွင် ယနေ့တိုင်မပြောင်းသေးသူများလည်း များစွာရှိ၏။ ဘာကြောင့်မပြောင်းသေးသနည်းဟု မေးလျှင် ရေးထားသောစာများကို ပြောင်းလည်းရန်ခက်ခဲလို့၊ ယူနီကုဒ်ကိုသုံးရင် ဘရောင်ဇာတွေဟိုပြောင်းဒီပြောင်း ရှုပ်လို့၊ အစရှိသဖြင့် အကြောင်းပြချက် အမျိုးမျိုးရှိကြ၏။ အကြောင်းအချက်အားလုံးကို ဖြည့်စွမ်းပေးနိုင်စွမ်း မရှိနိုင်တောင် ရေးထားသောစာများကို ပြောင်းလည်းရလွယ်ကူစေရန် ရည်ရွယ်၍ ဤ JZ2UFileConverter ကို ရေးသားခဲ့၏။ အထဲတွင် ရေးသားထားသော ပြောင်းလည်းခြင်း လော့ဂျစ်များမှာ ကိုငွေထွန်းရေးသားထားသော javascript လော့ဂျစ်များကို တိုက်ရိုက်အသုံးပြုထားပါသည်။

လုပ်နိုင်စွမ်းများ

  • 1.ဇော်ဂျီဖြင့်ရေးသားထားသော ဖိုင်များအား ယူနီကုဒ်အဖြစ်ပြောင်းလည်းနိုင်ခြင်း။
  • 2.ယူနီကုဒ်ဖြင့် ရေးသားထားသော ဖိုင်များအား ဇော်ဂျီဖိုင်များအဖြစ် ပြောင်းလည်းနိုင်ခြင်း။
  • 3.Source ဖြင့် Folder ကို ရွေးချယ်ပါက Folder ၏အောက်တွင်ရှိသော ပြောင်းလည်းနိုင်သည့် ဖိုင်များအားလုံးကို ပြောင်းလည်းပေးနိုင်မည် ဖြစ်သည်။
  • 4.Source ဖြင့် ဖိုင်ကို ရွေးချယ်ပါက ဖိုင်ကို ပြောင်းလည်းပေးမည် ဖြစ်သည်။
  • 5.တဖန် ဖိုင်ကို ရွေးချယ်ရာ၌ ctl+ ဖြင့်ဖိုင်များကို တစ်ပြိုင်နက်တည်း ရွေးချယ်ပြောင်းလည်းနိုင်မည် ဖြစ်သည်။

ပြောင်းလည်းပေးနိုင်သော ဖိုင်အမျိုးအစားများ

  • 1.txt, csv, tsv
  • 2.html, htm, xml
  • 3.jsp, asp
  • 4.java, py, js, php
  • 5.dump

သုံးပုံသုံးနည်း

  • 1.ဒေါင်းလုဒ်ဆိုဒ်မှ ( if you wish to download Click here) Zip ဖိုင်အား ဒေါင်းလုဒ်လုပ်ယူပါ။
  • 2.ဒေါင်းလုဒ်လုပ်ထားသော Zip ဖိုင်အား ပြန်ဖြည်ယူပါ။
  • 3.တွေ့ရသော exe ဖိုင်ကို double click နှိပ်ပါက JZ2U Application Window ကို တွေ့မြင်ရမည်ဖြစ်သည်။
  • 4.ဦးစွာ Source နေရာတွင် ပြောင်းလည်းရန် ဖိုင်များ၊ သို့မဟုတ် ဖိုင်များ၏ နေရာကို ဖြည့်စွက်ပါမည်။ Source ကို သက်မှတ်ရာတွင် Text Box ၏ နောက်တွင်ရှိသော Folder ပုံ ခလုပ်ကိုနှိပ်၍ File Chooser ကို အသုံးပြုနိုင်၏။
  • 5.တဖန် Target နေရာတွင် ပြောင်းထားပြီးသော ဖိုင်များ၏ သိမ်းဆည်းရန် နေရာကို ဖြည့်စွက်ပေးရပါမည်။ File Chooser ကို အသုံးပြုနိုင်ပါသည်။
  • 6.ပြီးလျှင် ပြောင်းလည်းလိုသည့် ပုံစံကို ရွေးချယ်ရပါမည်။ ဇော်ဂျီမှ ယူနီကုဒ်သို့၊ ယူနီကုဒ်မှ ဇော်ဂျီသို့ ရွေးချယ်နိုင်ပေသည်။
  • 7.နောက်ဆုံးတွင် Convert ခလုပ်ကိုနှိပ်ပါကSourceတွင် သတ်မှတ်ထားသော ဖိုင်များကို သတ်မှတ်ထားသည့်အတိုင်း စာလုံးကုဒ်ပြောင်းပြီး Target တွင်သတ်မှတ်ထားသော နေရာအောက်တွင် အမည်အသစ်ဖြင့် သိမ်းဆည်းပေးနိုင်မည် ဖြစ်သည်။

လိုအပ်ချက်

  • ဝင်းဒိုး XP, Vista, Window7
  • Java SE 6 နှင့် အထက်

ဖော်အဲဗားမှ မိတ်ဆွေများအားလုံး ယူနီကုတ်နဲ့ အတူ မြန်မာစာ စာလုံးများကို အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါသည်။

အရေးကြီးသည်က စက်ထဲတွင် Java SE 6 version နဲ့ အထက် ရှိရန်တော့လိုပါသည်။ သို့သော် မရှိသေးသူများ အောက်ပါလင့်တွင် တိုက်ရိုက် ဒေါင်းယူနိုင်ပါသည်။

လုပ်ရကိုင်ရတာ အသုံးပြုရတာ အဆင်မပြေမှုများရှိပါက တိုက်ရိုက် မေးမြန်းနိုင်ပါသည်။

ကျွန်တော် အတတ်နိုင်ဆုံး ကူညီဖြေရှင်းပေးသွားမည်ဖြစ်ပါသည်။

http://www.java.com/en/download/installed.jsp

0 comments:

Related Posts Plugin for WordPress, Blogger...