Wednesday, May 25, 2011

Gmail ၏ အစွမ်းထက်နည်းလမ်းများ ( 41 ) ခု

Gmail ကိုသုံးစွဲတဲ့နေရာမှာ အကောင်းဆုံးနဲ့ အလိုက်ဖက်အညီဆုံးကတော့ Fierfox browser ပဲဖြစ်ပါတယ်။

"open"ဟာGmailကိုမြန်မြန်ဆန်ဆန်ဖွင့်လှစ်ပေးနိုင်မယ့် ပိုမိုထူးကဲတဲ့ ထပ်ဆောင်းအရည်အချင်းလေးတွေဖြစ်တဲ့ ( Add - ons ) တွေကိုတော့ သုံးစွဲလို့မရပါဘူး ။ အဲ့ဒီ့အတူ IE 6.0 , IE 7.0 ဟာလည်း Gmail Standard view ဖွင့်ပေးနိုင်တယ်ဆိုပေမယ့် လိုအပ်ချက်တွေ အများအပြားရှိနေဆဲပါပဲ ။ ဒါကြောင့် Gmail ကိုသုံးစွဲမယ် ၊ Email ပို့မယ် ၊ Chat ပြောမယ်ဆိုတဲ့ User တွေဟာ Gmail နဲ့ပတ်သက်တဲ့ တခြား Program လေးတွေကို အထိုက်အလျောက်သိနေသင့်ပါတယ် ။ Gmail ကိုပိုမိုတင့်တယ်ပြီး လွယ်ကူချောမွေ့စေအောင် ဆက်သွယ်ပေးနေတဲ့ လိုက်ဖက်ညီအတွဲပရိုဂရမ်တွေ တချို့ တလေရှိနေပါတယ် ။ Fier-fox browser ကတော့ သိပြီးဖြစ်ပါလိမ့်မယ် ။ Greas Monkey ( Script Manager ) ဟာ Add-ons တွေကို လက်ခံနိုင် ၊ ဖြုတ်ပစ်နိုင်တဲ့ Add-on controlpanel လေးတစ်ခုပါဝင်ပါတယ် ။ Userscript ( java script search engine ) ကတော့ Onlineပေါ်မှာရှိနေတဲ့ Gmail , Hostmail , Browser စတဲ့ပရိုဂရမ်မျိုးစုံအတွက် စုဆောင်းပေးထားတဲ့ Scripting SearchEngine တစ်ခုလို့ဆိုနိုင်ပါတယ် ။ User script ဟာ Sing-up လုပ်ပြီး Account ရရှိပြီဆိုမှသူ့ရဲ့ Website မှာရှိရှိ

သမျှ Script လေးတွေကို Install လုပ်နိုင်မှာပါ ။ အဲ့ဒီ့လို Tegister လုပ်တဲ့အခါမှာ အလွန်လွယ်ကူပြီး ယုံကြည်စိတ်ချရပြီး အကျိုးအမြတ်မယူတဲ့အဖွဲ့ အစည်းလည်းဖြစ်တဲ့အတွက် ကိုယ့်ရဲ့ Gmailaccuount ကိုသုံးစွဲနိုင်ပါတယ် ။ ကိုယ်ကိုယ်တိုင်လည်း ကိုယ်ဖန်တီးထားတဲ့ Script လေးတွကို အများပြည်သူကို Shareလုပ်ပေးနိုင်ပါတယ် ။ တစ်ခုသတိထားရဖို့ရှိတာက Userscript မှာ Share ပေးထားတဲ့ Script လေးတွေကို Programmer ငယ်လေးတွေကစလို့ ၀ါရင့် Programmer တွေရဲ့ လက်ရာတွေအထိ ပါစနေတက်ပါတယ် ။ ဒါကြောင့် တချို့ Script

တွေဟာ အမှားအယွင်းတွေ ရှိနိုင်ပြီး ယုံကြည်စိတ်ချမှု့တွေ ရှိချင်မှရှိပါလိမ့်မယ် ။ Script တိုင်းမှာ တွေ့ရတတ်တဲ့Comments တွေကို အရင်ဆုံးဖတ်ရှုရပါမယ် ။ Stylelish ( add-onopen source ) ကတော့ လူငယ်ကွန်ပျူတာပရိုဂရမ်မာတွေအတွက် ပိုပြီးသင့်တော့်ပါတယ် ။ သူကလည်း Extension manager တစ်ခုဖြစ်တဲ့အပြင် ပိုထူးခြားတာက ပရိုဂရမ်မင်းအကြောင်း နကန်းတစ်လုံးတောင်မှ နားမလည်တဲ့လူတွေကို ကိုယ်ပိုင် Addon အသေးစားလေးတွေရေးသားနိုင်အောင် ဖန်တီးပေးထားပါတယ် ။

အဲ့ဒီ့ အဓိကဇာက်ကောင်လေးမျိုးကို အရင်ရယူထားရပါလိမ်မယ် ။ Home User တွေပဲဖြစ်ဖြစ် ၊ Cybercage User တွေပဲဖြစ်ဖြစ် အဲဒီ့လေးမျိုးစလုံးစာ အလွယ်တကူ Install လုပ်နိုင်ပါတယ် ။

1 . Furefox ( http://www.mozilla.org.mozilla

)

2 . Greasemonkey ( http://www.greasespot.net

)

3 . Userscript ( http://www.user-script.org

)

4 . Stylelish ( http://www.userstyles.org/stylish

)

Firefox ကတော့ ကွန်ပျူတာတိုင်းလိုလိုမှာရှိပြီးသားဖြစ်မှာပါ ။ User script ကလည်း Email accountတစ်လိုလုပ်သလိုမျိုး Register လုပ်ရတာမျိုးဖြစ်တဲ့အတွက် မခက်ခဲလှပါဘူး ။ GreaseMonkey နဲ့ Stylelish ကတည်ဆောက်ပုံအတူတူဖြစ်ပြီး Install လုပ်ပုံချင်းလည်း ခပ်ဆင်ဆင်တူပြီး လွယ်ကူပါတယ် ။

၁ ။ Browser bar မှာ " http://www.grease-monkey.net

" လို့ ရိုက်ပါ ။

၂ ။ Grease monkey ရဲ့ မိခင် Home Page ကျလာပ်လိမ့်မယ် ။ ညာဘက်အယ် ထောင့်မှာ " Downloadgreast monkey " ကို Click နှိပ်ပါ ။

၃ ။ Firefox ရဲ့ add-ons page အတွင်းပြန်ရာက်သွားပြီး Page တစ်ခုထပ်ပေါ်လာပါလိမ့်မယ် ။ Install လုပ်မလားလို့ မေးပါလိမ့်မယ် ။

၎ ။ Indtall button လေးကို Click နှိပ်ပါ ။

၅ ။ Install လုပ်ချိန် တစ်မိနစ်သာကြာမြင့်ပါလိမ့်မယ် ။

၆ ။ ပြီးရင် Browser ကို Restart ပြန်လုပ်ဖို့ Command ပေးပါလိမ့်မယ် ။ ( ဒါမှမဟုတ်ရင်လဲ Close button နဲ့ Browser ကိုခဏပိတ်လိုက်ပါ ။ )

၇ ။ ခဏပိတ်လိုက်ပြီးတာနဲ့ Browser ကိုပြန်ဖွင့်လိုက်ပါ ။ Status bar ရဲ့ ညာဘက်ထောင့်မှာ Grease monkey icon သေးသေးကလေးတွေ့ရပါလိမ့်မယ် ။ အဲ့ဒီ့ မျောက်ကလေးပြုံးနေတဲ့အချိန်ဟာ add-ons တွေအသက်ဝင်နေပြီး ( Enabled ) ၊ မျောက်ကလေးမဲ့နေခဲ့ရင်တော့ မတော်တဆခလုတ်မှားနှိပ်မိလို့ ( Disable ) အသက်မဲ့နေတာပါ ။ အဲ့ဒီ့လို Enabled/Disabled လုပ်ဖို့ဟာ သိပ်လွယ်ပါတယ် ။ မျောက်ငယ်ကလေး Icon ပေါ်ကို Click နှိပ်လိုက်ရုံနဲ့ကိုရပါတယ် ။

၈ ။ Grease Monkey ရဲ့ Manager Control ကို Menu bar မှာ သွားကြည့်နိုင်ပါတယ် ။ Options Menu ကို Click နှိပ်လိုက်တဲ့အခါမှာ ပေါ်လာတဲ့ Box ထဲကနေ Add-ons ကိုရွေးပါ ။ ပြီးတော့ Manage script ကို Click နှိပ်ပါ ။

၉ ။ Grease Monkey ရဲ့ Manager Box ကို ရောက်ရှိပါပြီ ။

A . ဘယ်ဘက် Panel မှာကတော့ Add-ons တွေရဲ့ ခေါင်းစဉ်၊ အမည်တွေရှိပါတရ်

B . Edit ကို Click နှိပ်ရင်း System ထဲမှာရှိတဲ့ .js's file တွေကိုရှာဖွေပေးမယ့် Explore box ကျ

လာလိမ့်မယ်။

C . Included pages ဆိုတာက တကယ်လို့ ကိုယ် Install လုပ်လိုက်တဲ့ Add-ons အတွက် လုပ်ဆောင်ပေးမယ့် လိပ်စာကိုပြပေးထားတာပါ ။

D . Unistall ကတော့ မလိုတာတွေကို Select ပေးပြီး အလွယ်တကူဖျတ်ထုတ်နိုင်ပါတယ် ။

၁၀ ။ နောက်တစ်ခါတေါမှာ Userscripts ကနေဖြစ်စေ၊ တခြားနေရာတွေကနေဖြစ်စေ၊ Script တစ်ခုကို Installလုပ်လိုက်တဲ့အခါမှာ ( အဲ့ဒီ့ Script တွေဟာ (.js) extentions တွေနဲ့ ဆုံးပါလိမ့်မယ် ။ ) ဒီ Manage control ထဲရောက်ရှိပါလိမ့်မယ် ။

=============================================================================================================

Stylelish

Stylelish ဟာ Add-ons တွေနဲ့ Extensions တွေကို Manager သဘောမျိုးလက်ခံပေးနိုင်တဲ့အပြင် ကိုယ်တိုင် Extension အသေးစားလေးတွေကို တည်ဆောက်ဖန်တီးနိုင်ပါတယ် ။

၁ ။ Address bar မှာ http://userstyles.org/stylish

လို့ရိုတ်ပါ ။

၂ ။ Grease Monkey လိုမျိုးပါပဲ ၊ Stylish ရဲ့ Home Page ပေါ်လာပါလိမ့်မယ် ။

၃ ။ ထိပ်ဆုံးစာကြောင်းမှာရှိနေတဲ့ Stylish 0.5.2 is available for download at addons mozilla.org

ဆိုတဲ့စာကြောင်းကို Click နှိပ်ပါ ။ Firefox ass-ons box ထဲရောက်သွားပါမယ် ။ ပြီးရင် Install လုပ်လိုက်ပါ ။Broser resart ပြန်လုပ်ပါ ။

၎ ။ Status bar ရဲ့ အောက်ခြေစာရွက်ဖြူပေါ်မှာ ကလောင်တံလေးနဲ့ Icon လေးတွေ့ရပါလိမ့်မယ် ။

၅ ။ Install လုပ်ပြီးရင် အဲ့ဒီ့ Add-on စာမျက်နှာကို မပိတ်ဘဲဆက်ကြည့်မယ်ဆိုရင် Install now button ရဲ့အောက်မှာ Development comment ဆိုတာတွေ့ ရပါလိမ့်မယ် ။ အဲ့ဒီ့မှာ ရှိတဲ့ Code ဟာ ဒီလိုပါ ။*{ color: blue important }

၆ ။ Status bar မှာရှိတဲ့ stylish icon ကို Click နှိပ်ရင် Manager Styles ပေါ်လာပါမယ် ။ Write ကို Click နှိပ်ပါStylish ရဲ့ Control ထဲရောက်မယ် ။ အခုန Code ကို Copy( Ctrl + C ) + paste ( Ctrl + V ) လုပ်ပါ ။Addstyle ထဲမှာ Colir နေရာမှာ Black လို့ အစားထိုးပြီး Save လုပ်ပါ ။ Descriptions ဆိုတဲ့နေရာမှာ Page

ရဲ့ Wed address ဆိုတဲ့နေရာမှာ Page ရဲ့ Wed address ကိုရိုက်ပါ ။ www.google.com ပြီးရင် ကိုယ်ပိုင်Add-on တစ်ခုရရှိပါပြီ။ အခုအချိန်မှာ စမ်းသပ်ကြည့်မယ်ဆိုရင် Google ရဲ့ Home pageမှာရှိသမျှ အပြာရောင်တွေဟာ အနက်ရောင်ပြောင်းနေပါလိမ့်မယ်။ ဒါဟာအလွယ်ကူဆုံးနမူနာတစ်ခုမျှသာဖြစ်ပါတယ်။

Add-ons တွေကို Broswer မှာနောက်တစ်မျိုးကြည့်လို့ရတဲ့ နေရာတစ်ခုက Options.add-ons ကနေကိုယ်Install လုပ်ထားခဲ့သမျှ Add-ons တွေကိုအကုန်လုံးကြည့်လို့ရပါတရ် ။

Addons တွေမှာ '".xpi " နဲ့ ".js" ဆိုပြီး 2မျိုးရှိပါတယ်။ " .xpi " ကတော့ Addon အစစ်ဖြစ်ပြီး Browser ပေါ်မှာ Run ဖို့တည်ဆောက်ထားတဲ့ အဓိကအထောက်အပံ့တစ်ခုဖြစ်ပြီး ".js" နဲ့ အဆုံးသတ်တဲ့ Addon တွေကတော့Java script နဲ့ရေးထားပြီး Browser ပေါ်မှာဖွင့်တဲ့ Website တစ်ခုချင်းစီအတွက် ရည်ရွယ်ပါတယ် ။ ရေးသားထားတဲ့ နည်းပရိယာယ်တွေက လွယ်မယောင်နဲ့ ခက်နေတယ်ဆိုပြီး အကြမ်းဖျင်းမှတ်သားထားနိုင်ပါတယ် ။

Gmail ဟာ Open source အမည်မခံပေမယ့် Developer တွေကို programming source code တစ်ဝက်လောက်ဖွင့်ဟပေးထားတဲ့အတွက် Gmail နဲ့ပူးတွဲသုံးစွဲမယ့် Browser အတွက်ရော၊ Gmail inbox အတွင်းထဲကိုပါအကောင်းဆုံးအရည်အချင်းတွေရရှိစေနိုင်ဖို့ ဝိုင်းဝန်းထောက်ပံ့ကြတဲ့ Addons တွေမရေမတွက်နိုင်အောင်

ရှိနေပါတယ် ။

လူတစ်ယောက်မှာ Gmail Account 2ခု ( သို့ ) 3ခုရှိတင်္ရဆိုရင် အဲ့ဒီ့မတူညီတဲ့ မေးလ်အကောင့် တွေကိုစစ်ချင်ရင် account တစ်ခုဖွင့်လိုက်၊ ပိတ်လိုက်လုပ်စရာမလိုပဲ တစ်ခါထဲနဲ့ Gmail account တွေစစ်ချင်ရင်Gmail manager ဟာ သိပ်အသုံးဝင်ပါတယ် ။

ဥပမာ ကျွန်တော်ပေါ့ ။ ကျွန်တော့မှာ အွန်လိုင်းသရဲ @gmail.com

, ပူတူတူးလေး@gmail.com
,သရဲလေး@gmail.com
ဆိုပြီးရှိတဲ့အတွက် Mail 3 ခုစလုံးကို တစ်ပြိုင်ထဲ Screen တစ်ခုထဲမှာ ( Firefox ရဲ့ open tab သုံးခုဖွင့်လှစ်ပြီး ) ဟိုဘက်၊ ဒီဘက် Mail စစ်ဆေးလို့ရပါတယ် ၊

၁ ။ Address bar မှာ http://addons.mozilla.org/en-US/furefox/addon/1320

လို့ရိုက်ပါ ။

၂ ။ ဖိုင်အရွယ်အစား 100kb သာရှိပြီး အလွန်မြန်မြန်ဆန်ဆန်နဲ့ Install လုပ်လို့ရပါတယ် ။

၃ ။ ပြီးရင် Firefox>tool>addonsကနေတစ်ဆင့် Gmail manager ရောက်မရောက်ရှာဖွေစစ်ဆေးပါ ။ (.xpi )extension ဖြစ်ပြီး Version ဟာ (0.5.9) ဖြစ်ပါတယ်။

၎ ။ Extension တွေစုပေါင်းထားတဲ့ Box ကြီးထဲမှာ Gmail manager ကိုတွေ့ရပြီးဆိုရင် Option ကို ကလစ်နှိပ်ပြီး ညွှန်ကြားနိုင်ပါတယ်။

၅ ။ Browser ရဲ့ Status bar ကိုကြည့်မယ်ဆိုရင်လဲ Gmail manager icon ကလေးပေးနေတာတွေ့ရပါမယ် ။

၆ ။ Account တွေကိုလက်ခံနိုင်ဖို့အတွက် Account တစ်ခုချင်းစီရဲ့ Name နဲ့ Password တွေကို မှန်မှန်ကန်ကန်ဖြည့်စွက်ပေးဖို့တော့ လိုအပ်ပါလိမ့်မယ် ။

၇ ။ ပထမဆုံးအနေနဲ့ All account settings မှာ Add ကို Click နှိပ်ပါ။ Gmail ရဲ့ ပထမ Account ဖြစ်တဲ့ ( ပင်ကို Account ) ပူတူတူလေး Account ကို User name နဲ့ Password ဖြည့်ပါ။ ပြီးရင် ဒုတိယ Account သရဲလေး အတွက် Account ကို Password နဲ့ Usernameဖြည့်ပါ။ ပြီးရင် တတိယ Account ဘကို လည်းဖြည့်

စွက်ပါ။

- တကယ်လို့ Startup option မှာရှိတဲ့ Check box ကိုသာ အမှန်ခြစ်ထည့်ပေးထားလိုက်မယ်ဆိုရင် ကွန်ပျူတာကိုဖွင့်တဲ့ အချိန်တိုင်းမှာ ( အင်တာနက် ကိုအလိုအလျောက် ချိတ်ဆက်ပြီး ) Gmail ကို Auto ဖွင့်ပေးမှာဖြစ်တဲ့အတွက် အချိန်ကုန်သက်သာပါလိမ့်မယ် ။

- မလိုချင်တဲ့ Account ကို အလွယ်တကူ Remove လုပ်လို့ရနိုင်ပြီး Secure ပြည့်ဝစေဖို့လည်း ညွှန်ကြားထားနိုင်ပါတယ် ။

- ပြီးရင် Ok ကိုနှိပ်ပါ။ ( လိုအပ်ရင် Apple ကိုပါနှိပ်ပေးပါ )

၈ ။ Browser ရဲ့ Status bar ညာဘက်ထောင့်မှာ ဖြည့်စွက်ထားတဲ့ လိပ်စာတွေကို တွေ့မြင်ရပါလိမ့်မယ် ။

၉ ။ စာအိတ်အနီရောင် Icon လေးကို Click နှိပ်လိုက်တဲ့ အခါမှာ Gmail Manager ရဲ့ Function တွေပေါ်ပေါက်လာပါလိမ့်မယ်။ အဓိကကတော့ Main Subject နှစ်မျိုးရှိပါတယ်။ “ ရွေးချယ်ထားတဲ့ Gmail ” ကိုဖွင့်ပေးဖို့နဲ့Add လုပ်ထားခဲ့တဲ့ Account အကုန်လုံးကိုဖွင့်ပေးဖို့ နှစ်မျိုးရှိပါတယ်။

၁၀ ။ Account တစ်ခုချင်းစီမှာရှိတဲ့ မတူညီတဲ့အရေအတွက်တွေကိုပုံမှာ ပြထားတဲ့အတိုငမ်းတွေ့ရလိမ့်မယ်။Show new mail snippets ဆိုတာကတော့ လက်ခံရရှိတဲ့ Mail တွေပါဝင်တဲ့ subject ကိုအတိုချုံးပြီး ရုပ်ရှင်ထွေလာသဘောမျိုးပြသပေးမှာပါ။

၁၁ ။ ပြီးရင် Browser မှာ Tab အသစ်တွေခေါ်ပါ။ တကယ်လို့ Account 2ခုကိုတစ်ပြိုင်ထဲဖွင့်ချင်ရင် Tab 2ခုခေါ်ပါ။ 3ခုဖွင့်ချင်ရင် Tab 3ခုခေါ်ပါ။

၁၂ ။ ဒါဆိုရင် Browser တစ်ခုအတွင်းထဲမှာ မတူညီကွဲပြားတဲ့ Gmail account မျိုးစုံကို Gamil manager ကိုသုံးစွဲပြီး Email စစ်ဆေးရင်း Chatting လုပ်လို့ရနိုင်ပါပြီ။

=============================================================================================================




Gᴍᴀɪʟ Tʜɪs

Internet ထဲမှာမွှေနှောက်ရှာဖွေ၇င်း တချိုကသင်တန်းစာဖိုင်ကလေးတွေကိုမှတ်သားချင်တဲ့အခါ ဒါမှမဟုတ် အရေးကြီးတဲ့ သတင်းမှတ်စုတွေကို မပျောက်မပျက်အောင်ထိန်းသိမ်းချင်တဲ့အခါမှာ Gamil This Extension ဟာအလွန်အသုံးဝင်ပါတယ်။

၁ ။ Browser မှာ http://addons.mozilla.org/en-US/firefox/addon/3102

ရိုက်ပါ။

၂ ။ Extension ကို Install လုပ်ပါ။

၃ ။ Webpage ရဲ့လိုချင်တဲ့ စာသားတေါကို High-lignht လုပ်ပြီး Select ပေးပါ။

၎ ။ Gmail ထဲမှာလျင်လျင်မြန်မြန်သိမ်းဆည်းထားပြီးဖြစ်ရုံမက တခြားတစ်ယောက်ဆီကို Foward လုပ်ဖို့အဆင်သင့်ဖြစ်နေပါလိမ့်မယ်။

=============================================================================================================

Bᴇᴛᴛᴇʀ Gᴍ@ɪʟ

Better Gmail ဟာ "Grease monkey" script တွေကိုစုပေါင်းပြီး Extension အကြီးစားတစ်ခုအနေနဲ့တည်ဆောက်ထားတာပါ။ Script ပေါင်း 10ခုအထက်ပါဝင်ပြီး Internet ချိတ်ဆက်ထားတဲ့ PC တွေကို အချိန်မှန်Update ရှာဖွေပေးပါတယ်။ Install လုပ်တဲ့အခါ ".xpi" နဲ့အဆုံးသတ်ထားတဲ့ Addons ကိုတွေ့ရပါလိမ့်မယ်။Google Reader တွေကို Inport,Export လုပ်လို့ရတဲ့ Function၊ Gmail ကို Mac စတိုင်တည်ဆောက်လို့ရတဲ့Screen အလွယ်တကူပြောင်းလဲလို့ရတဲ့ Fonts တွေနဲ့ Features မျိုးစုံတို့ပါဝင်ပါတယ်။ Extension 2 မျိုးရှိတယ်။ပထမ Version က (0.7) နဲ့ အခုထပ်ပြီး အသစ်ထွက်လာတာက (1.1) ဖြစ်ပါတယ်။

-https://addons.mozilla.org/en-US/Firefox/asson/A866

နဲ့ http://addons.mozilla.org/en-US/firefox/addon/6076
လိပ်စာ 2မျိုးရှိပါတယ်။ လိုချင်တဲ့ Version ကိုစိတ်ကြိုက်ရယူနိုင်ပါတယ်။

%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%%

Gᴍ@ɪʟ Sᴋɪɴs

Gmail Skin ဟာ Better Gmail ပေါ်လာပြိးတဲ့နောက်ပိုင်းမှာ တိမ်မြုပ်သွားတဲ့ Addons တစ်ခုပါ။ Better Gamilကိုမကျော်လွှားနိုင်ပေမဲ့ သူ့မှာလဲအလွန်ကောင်းမွန်တဲ့ အရည်အချင်းတွေရှိနေပါတယ်။ ဥပမာ- Gamil ထဲက In-box ရဲ့ Color ကိုစိတ်တိုင်းကျ အရောင်ပြောင်းလဲ နိုင်ခြင်း၊ Google ကနေပေးအပ်ထားတဲ့ IG modules လို့ခေါ်တဲ့ Gedget ကလေးတွေ၊ နာရီ၊ရာသီဥတု၊အားကစားသတင်းစတာတွေကို Gmail ထဲမှာပေါင်းထည့်နိုင်တာတွေအပြင် Picasa album နဲ့ချိတ်ဆက်ပြီး Image တွေကိုလိုအပ်သလို Organize လုပ်နိုင်တာတွေဟာ သိပ်ထူးခြား

ပါတယ်။ ဒါ့အပြင် မလိုချင်တဲ့ Label တွေကို ဥပမာ Gmail ထဲမှာရှိတဲ့ Sent item Box, Spam box စတာတွေကိုဖယ်ထုတ်ပစ်ထားလို့ရသလို User သဘောတွေ့ကြတဲ့ Function တစ်ခုကတော့ Inox,Chat,Sent စတဲ့ Boxတွေကို Gmail ကစီစဉ်ပေးထားသလို အပေါ်မှအောက် ဘယ်ဘက်ခြမ်းမှာထားရှိမှု့ကို မကြိုက်နှစ်သက်ရင် Horizontal ပြန်လည်ပြောင်းလဲနိုင်ပြီး Left to Right (ဘယ်မှညာ) ဒီဇိုင်းဖွဲ့စည်းဖွင့်ရှိတတ်တာပဲဖြစ်ပါတယ်။ BetterGmail ထက်လူကြိုက်နည်းရတဲ့ အဓိကအချက်ကတော့ဒီ Addon ဟာ Coding error တစ်ချို့ရှိနေတက်လို့ပါပဲ။

၁ ။ http://gmailskins.mozdev.org

ဟုရိုတ်ပါ။

၂ ။ အောက်ဆုံးမှာရှိသော Here Install ကို Click နှိပ်ပါ။ (သို့) https://addons,mozilla.org/en-US/firefox/addon/2127

လို့ရိုတ်ပြီး Skin2addon ကိုအလျင်အမြန်သွားနိုင်ပါတယ်။

၃ ။ ကိုယ့် Gmail ကို Color ဒီဇိုင်းပြောင်းလဲနိုင်ပါတယ်။ Better gmail လိုစတိုင်လှလှကလေးတွေမပါဝင်ပေမဲ့လက်တည့်စမ်းပြီး Addon တွေရေးသားချင်တဲ့လူငယ်တွေအဖို့ ဒီ Gmail-skinz အဆင့်ဟာ အငယ်တန်းပထမအဆင့်ဖြစ်တာမို့ အသုံးဝင်မှာပါ ။

=============================================================================================================

Gsᴘ@ᴄᴇ

Gspace သည် Extension တစ်ခုဆိုတာထက် Software တစ်ခုဆိုရင်ပိုမှန်ပါလိမ့်မယ်။ Mac,Linux,Windo ......မတူညီကွဲပြားတဲ့ platform မျိုးစံအတွက် အလုပ်လုပ်နိုင်ပြီး Gmail နဲ့ချိတ်ဆက်ပေးပြီး Online ပေါ်မျာ Storageနေရာတစ်ခုကိုဖန်တီးပေးပါတယ်။ Gmail ထဲက File တွေကိုပဲဖြစ်ဖြစ်၊ Image ပုံတွေပဲဖြစ်ဖြစ်၊ အလွယ်တကူ

Drag and Drop ဆွဲထည့်သိမ်းထားနိုင်ပါတယ်။ စတင်သုံးချိန်မှာ Gspace ဟာခက်ခဲသယောင်ရှိပေမဲ့ Toolsတွေကိုသဘောပေါက်သွားရင် အလွန်အားကိုးရတဲ့ Addon တစ်ခုဆိုတာတွေ့ရပါလိမ့်မယ်။

၁ ။ http://www.getspace.com/download.html

ဟုရိုတ်ပါ။

၂ ။ Windo သမားတွေအတွက် Downloadချခွင့်ပြုထားတဲ့ Icon လေးပေါ်ကနေတဆင့် Click နှိပ်ပြီး Downloadချပါ။ 1MBမပြည့်တပြည့်သာရှိပြီး လွယ်ကူလျင်မြန်စွာ Browser addons box အတွင်းကိုရောက်ရှိသွာပါမယ်

၃ ။ Gspace ဟာ File transfer protocol access ဖြစ်တဲ့အတွက် ကိုယ့် PC ထဲမှာရှိတဲ့ File တွေကို Internetပေါ်ကို Upload တင်တဲ့အခါ အလွန်မြန်ဆန်ပါတယ်။

၎ ။ အဲ့ဒီ့လို Upload တင်တဲ့နေရာမှာ ခြွင်းချက်အနေနဲ့ လုံခြုံရေးပြည့်ဝပြီး Google နဲ့ချိတ်ဆက်ထားတဲ့ Websiteတွေဖြစ်တဲ့ You tube,Facebook စတာတွေကိုသာလက်ခံပါတယ်။ ဒါကြောင့် အရင်ဆုံးကိုယ့် Uploadတင်ချင်တဲ့ Web site တွေမှာ Account လုပ်ရပါလိမ့်မယ်။

၅ ။ တကယ်လို့ File တစ်ခုကို Transfer လုပ်ချင်ပြီဆိုရင် Login ကို Click နှိပ်ပြီး Password ပေးရပါလိမ့်မယ်။ပြီးရင် ခဏစောင့်ပါ။

၆ ။ ပြီးတာနဲ့ Upone directory button ကို Click နှိပ်ပြီး ကိုယ့် PC ထဲမှာရှိတဲ့ Attach File တွေကို Gmail ထဲကိုလွှဲပြောင်းယူလို့ရပါပြီ။

=============================================================================================================

Gm@il Se@®©h

တစ်ခါတစ်လေမှာ နေ့လည်နေ့ခင်းတွေမှာ Internet connection တွေစုပြုံကျပ်ခဲပြီး နှေးကွေးလွန်းနေပါလိမ့်မယ်။ အဲ့ဒီ့အချိန်မှာ ကိုယ့် Gmail Box ကို စာအသစ်တွေရောက်မရောက်သိရှိဖို့အတွက် Gmail ကလည်းဖွင့်ရတာ အရမ်းနှေးပြီးလိုချင်တဲ့ အဆင့်ကိုမရောက်နိုင်ဖြစ်နေလိမ့်မယ်။ ဒါဆိုရင် Gmail home page ကိုလုံးဝဖွင့်ဖို့မလိုပဲ

Address bar ကနေတစ်ဆင့် ကိုယ့် Gmail မှာစာအသစ်တွေရောက်မရောက် ဖွင့်လှစ်ကြည့်နိုင်မဲ့နည်းလမ်းအအတော်များများတော့လိုမှာပါပဲ။ Gmail Search ဆိုတဲ့ Extension ဟာ Gmail box ကိုလုံးဝဖွင့်လှစ်ဖို့မလိုအပ်ပါ။ Browser ရဲ့ Address bar ကို Gmail အတွင်းမှာရှိတဲ့ Search box လိုသဘောထားပြီး Email အသစ်တွေကို

ရှာဖွေပေးနိုင်ပါတယ်။

၁ ။ http://philwilson.org/blog/2004/12/search-your-gmail-in-firefox-html

ကိုရိုက်ပါ။

၂ ။ Click this link to install the gmail search engine ဆိုတဲ့ Link ကို Click နှိပ်ပြီး Install လုပ်ပါ။

၃ ။ Add search engine မှာပေါင်းထည့်မှာလားဆိုတဲ့ Box လေးပေးလာပါလိမ့်မယ်။ Add ဟုပြောပါ။

၎ ။ ပြီးတာနဲ့ Gmail account ထဲဝင်ပါ။ မ၀င်ခင်မှာ Searchbox မှာ ကြိုတင်ပြီးရှာထားခဲ့ရင် Gmail ထဲကိုဝင်ပြီဆိုတာနဲ့ ကိုယ်ရှာဖွေမဲ့ Gmail တွေကိုတစ်ခါထဲတွေ့ရပါလိမ့်မယ်။

၅ ။ တကယ်လို့ Gmail/server ကဖြစ်ဖြစ်၊ User ကဖြစ်ဖြစ်၊ တစ်စုံတစ်ခုမှားယွင်းခဲ့ရင် Temporary Error(502)ဆိုပြီးပြသပါလိမ့်မယ်

၆ ။ ဒါဟာ Gmail ရဲ့ ဟိုးအရင်ကာလ 1GB Inbox အတွင်းမှာမပါခဲ့တဲ့ Mail search အတွက်အသုံးဝင်ပေမဲ့ အခုနေမှာတော့ Gmail Acc ထဲမှာရှိတဲ့ Search engine ကပိုလို့တောင် ထက်နေပါသေးတယ်။

=============================================================================================================

GC@ʟ Qᴜɪᴄᴋ T@ʙ



GoogleဟာGmail,Gtalk,GoogleCalenderစတဲ့Productsမှန်သမျှကိုတစ်ခုနဲ့တစ်ခုချိတ်ဆက်ထားတဲ့နည်းပညာကိုအသုံးပြုပါတယ်။ပေါင်မုန့်တစ်ထပ်၊အသားတစ်ထပ်၊ပေါင်မုန့်တစ်ထပ်...အဲ့ဒီ့လိုမျိုးဆင်းဒ၀စ်မုန့်မျိုးနဲ့အလားဏ္ဌာန်တူလိမ့်မယ်ထင်ပါတယ်။ Gtalk,Gmail စတဲ့ထုတ်ကုန်တိုင်းမှာ လိပ်စာကိုယ်စီရှိကြတဲ့အတွက် တစ်ခုချင်းကိုသီးသန့်သုံးစွဲလို့ရနိုင်သလို အကုန်လုံးစုပေါင်းပြီးPackage အနေနဲ့လဲ သုံးစွဲလို့ရပါတယ်။ Gcal လို့အလွယ်ခေါ်ကြတဲ့ Google calender services ဟာယခင်က Gmail ထဲမှာမပါပါဘူး။ ဒါကြောင့်အရေးကြီးတဲ့နေ့ရက်တွေနဲ့ အချိန်းအချက်ပြုလုပ်ချင်တဲ့ မှတ်သားမှုတွေကို Gmail ဖွင့်တာနဲ့ တစ်ပြိုင်နက်တည်းလုပ်ဆောင်နိုင်ဖို့ Gcal Quick Tab ကစွမ်းဆောင်ပေးပါတယ်။ Gmail နဲ Google Calendar အကြားကို Key board short-cuts တွေနဲ့ အ

လွယ်တကူရွှေ့ပြောင်းနိုင်ပါမယ်။

၁ ။ http://addons.mozilla.org/en-US/firefox/addon/2372

ကိုရိုက်ပါ။

၂ ။ Install လုပ်ပြီး Firefox ကို Restar ပြန်လုပ်ပါ။

၃ ။ ပြီးရင်ထပ်ပြီး http://ww.google.com/calendar ကိုရိုက်ပါ။

၎ ။ အခုချိန်ကစပြီး ကိုယ့်ရဲ့ Calendar Box ထဲမှာ နေ့စွဲအလိုက် Email သတိပေးမှုတွေနဲ့တခြား Function တွေအများကြီးပေါင်းထည့်လို့ရပါပြီ။ ဥပမာ - January 15 ရက်နေ့ရောက်ရင် သူငယ်ချင်

းတစ်ယောက်နဲ့ 'Chat' ဖို့ရှိတယ်။ သတိပေးပါ။ အဲ့ဒီ့သတိပေးချက်ကိုပဲ Mail Alert မပေးဘဲ Pop-up Box တစ်ခုအနေနဲ့ သတိပေးပါဆိုပြီးအများကြီး ညွှန်ကြားထားလို့ရပါတယ်။

=============================================================================================================

GTD Iɴʙ0x

GTD ဟာ 'Getting Things Done' ကိုအတိုကောက်ခေါ်ဆိုထားတာပါ။ အဓိကအလုပ်ကတော့ Gmail ရဲ့ Inbox အတွင်းမှာနေရာယူပေးပြီး လူ1ယောက်ချင်းစီအတွက် 1နေ့တာပြုလုပ်ဖို့ရှိတဲ့စာရင်း

တွေကိုမှတ်သားထားလို့ရပါတယ်။ 'Note Book,Calender,Mail Alert' အဲ့ဒီ့လုပ်ဆောင်နိုင်စွမ်3းခုကိုပူးပေါင်းပြီး ဖွဲ့စည်းထားတာပါ။ ဥပမာလူ1ယောက်ဟာ ညနေ ၅နာရီမှာအင်္ဂလန်က သူငယ်ချင်း1

ယောက်နဲ့စကားပြောဖို့ရှိတယ်ဆိုရင် 'To Do List' မှာအချိန်နဲ့ Reminder 1ခုကိုလုပ်ပေးပြီး Gmail Box ကိုပြန်ပိတ်ထားလို့ရပါတယ်။ အဲ့ဒီ့အချိန်မှာ Google ရဲ့ Alert ကနေညနေ ၅နာရီအချိန်မှာအ

ကြောင်းကြားပေးပါလိမ့်မယ်။

၁ ။ http://addons.mozila.org/en-US/firefox/addon/3209

ရိုက်ပါ။

၂ ။ ထုံစံအတိုင်း Install လုပ်ပြီး Browser Restart ပြန်လုပ်ပါ။

၃ ။ Firefox ရဲ့ Too Menu အောက်မှာရှိတဲ့ 'Addons' ထဲမှာ 'GTD Inbox' ဆိုပြီးသိသိသာသာကွဲပြားနေတဲ့ Addon ကိုတွေ့ရပါလိမ့်မယ်။

၎ ။ Option ကို Click နှိပ်လိုက်ရင် GTD Inbox ရဲ့လုပ်နိုင်စွမ်းရှိတဲ့လုပ်ဆောင်ချက်စွမ်းရည်တွေကို အမျိုးမျိုးအစားစားများပြားစွာတွေ့ရပါလိမ့်မယ်။

၅ ။ တကယ်လို့ GTD Inbox ကို မိမိရရလေ့လာချင်တရ်ဆိုရင် သုံးစွဲနည်းတွေကို အသေးစိတ်ရှင်းပြထားတဲ့ http://www.grdinbox.com

ကိုသွားရောက်လေ့လာနိုင်ပါတယ်။

=============================================================================================================

Dʀ@ɢ Dʀ0ᴘ Uᴘʟ0@ᴅ

Gmail အတွင်းမှာ 'Attach' ပေါင်းထည့်ဖို့အတွက် Attach Function ကို Click နှိပ်ပြီး Explorer Box ကနေတစ်ဆင့် တမေ့တမောသွားရတဲ့ ဒုက္ခ1ခုရှိပါတယ်။ တကယ်လို့ 'Drag drop-upload' ဆို

တဲ့ Addons ကိုသာ Install လုပ်ထားခဲ့မယ်ဆိုရင် ပိုပြီးအချိန်ကုန်သက်သာသွားမှာ အမှန်ပါပဲ။ Drag Drop Upload ဟာ Drag & Drop လုပ်ပြီး Gmail ရဲ့ Compose mail အတွင်းကိုအလွယ်တကူ

Attach File တွေချိတ်တွယ်နိုင်ပါတယ်။

၁ ။ Firefox Address Bar မှာ http://addons.mozilla.org/en-US/firefox/addon/2190

ကိုရိုက်ပါ။

၂ ။ Addon ကို Install လုပ်ပြီး Broswer ကို Restart ပြန်လုပ်ပါ။

=============================================================================================================

G00ɢʟᴇ T00ʟʙ@ʀ

Google Toolbar ဟာ Firefox နဲ့ IE သုံးစွဲသူနှစ်မျိုးစလုံးအတွက် Google အဖွဲ့အစည်းကနေ တရားဝင်ထုတ်လွှင့်ပေးခေဲ့တဲ့ Toolbar Functions တစ်ခုဖြစ်ပါတယ်။ Opera browser ကိုသုံးစွဲသူ

တွေအတွက်တော့ 'Widget' 1တစ်ခုအနေနဲ့သာတည်ရှိပြီး တရားဝင်Toolbar အနေနဲ့ ထုတ်လွှင့်ပေးခဲ့ခြင်းမရှိသေးပါ။ Google Toolbar အနေနဲ့ ထုတ်လွှင့်ပေးခဲ့ခြင်းမရှိသေးပါ။ Google Toolbar

ဟာ Gmail 1ခုထဲအတွက်သာ အသုံးဝင်တာမဟုတ်ပဲ 'Google' ရဲ့တခြား Products တွေကိုနှစ်နှစ်ခြိုက်ခြိုက်သုံးစွဲကြတဲ့ User တွေအတွက်ရည်ရွယ်ပြီး Features မျိုးစုံကိုထည့်သွင်းပေးအပ်ပါတ

ယ်။ Toolbar 1ခုကို Install လုပ်လိုက်တာနဲ့ 'Browser bar' မှာထပ်မံပြီးလိပ်စာတွေ ခဏခဏရိုက်သွင်းရတဲ့ ဒုက္ခကနေကင်းဝေးသွားစေမှာအသေအချာပါပဲ။ ကိုယ်လိုချင်တဲ့ Page၊ ဥပမာအားဖြင့်

Gmail ဆိုရင် Gmail Icon လေးကို Click လုပ်လိုက်ရင်ပဲ 'Toolbar' ကနေအလိုလို အလုပ်လုပ်ပေးသွားမှာပါ။

၁ ။ http://toolbar.google.com/gmail-toolbar ( or ) http://google.com/tools/firefox/toolbar ဟုရိုက်ပါ။

၂ ။ ပြီးရင် download ကို Click ကိုနှိပ်ပါ။

၃ ။ (.xpi)extension နဲ့အဆုံးသတ်ပြီး Browser ကို Restart ပြန်လုပ်ပါ။ (အကယ်၍ IE ကိုအသုံးပြုခဲ့လျှင် http://toolbar.google.com/T4/?rd=f ဖြစ်ပါတယ်။)

၎ ။ Google Toolbar ကိုအသုံးပြုပြီး Gmail ကိုအလွယ်တကူ Check လုပ်နိုင်တာတွေရယ်၊ လုံခြုံစိတ်ချစွာ Searching လုပ်နိုင်တာတွေရယ်အပြင် Google ရဲ့ Product မှန်သမျှကိုစုပေါင်းထားတဲ့အ

တွက် တန်ဖိုးအရှိဆုံး Extension 1ခုဖြစ်ပါတယ်။

----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------

Fɪʀᴇ GPG

Fire GPG ဟာလဲ Gmail အတွက်အသုံးဝင်ပြီးတန်ဖိုးရှိတဲ့ Script တွေကို1စု1ဝေးထဲပေါင်းထည့်ပေးထားတဲ့အတွက် Manager 1ခုပဲဖြစ်ပါတယ်။ 'encrypt','decrypt','sing','attach' စတဲ့လက်တို

လက်တောင်းအရည်အသွေးကောင်းတွေကို 1နေရာထဲမှာအလုံးစုံအသုံးပြုနိုင်အောင်စီစဉ်ပေးထားပါတယ်။

၁ ။ http://firefpg.tuxfamily.org/stable/firefpg.xpi

ဟုရိုက်ပါ။

၂ ။ သော့ပုံစံလေးကို Click နှိပ်ပါ။ Install လုပ်ပြီး Browser Restart ပြန်လုပ်ပါ။

၃ ။ ပြီးရင် Gmail ကိုဖွင့်ပါ။ Inbox အတွင်းလွတ်1နေရာမှာ Right Click နှိပ်လိုက်တဲ့အခါ Fire GPG box ကို Drop-down မှာတွေ့ရပါလိမ့်မယ်။

၎ ။ Fire GPG ဟာသူ့ရဲ့ Icon လေးလိုမျိုးကိုယ့်ရဲ့ Gmail ကိုလုံခြုံမှုအပြည့်အ၀ရအောင်ဖန်တီးပေးပါတယ်။ အဲ့ဒီ့မှာရှိနေတဲ့ Tex Editor 1ခုဖြစ်ပါတယ်။

၅ ။ အသေးစိပ်လေ့လာချင်ရင် http://firefpg.tux.family.org

မှာဝင်ရောက် သင်ယူလေ့လာနိုင်ပါတယ်။

=============================================================================================================

Gᴍ@ɪʟ Sᴜᴘᴇʀ Cʟᴇ@ɴ

Gmail ရဲ့မြင်နေကျမြင်ကွင်းမျိုးမဟုတ်ပဲ Machintosh Computer တွေပေါ်မှာမြင်တွေ့ရတဲ့ ဒီဇိုင်းလှလှလေးကိုရရှိနိုင်တဲ့ Addons 1ခုဖြစ်ပါတယ်။

http://http://userscript.org//scripts/show/7646

=============================================================================================================

Gᴍ@ɪʟ Sᴘ@ᴍ-C0ᴜɴᴛ

Gmail ရဲ့ Inbox အတွင်းမှာရှိတဲ့ 'spam'box ကိုမလိုချင်တဲ့အခါ အခု Script ကလေးကို Install လုပ်ထားလိုက်ပါ။

http://userscript.org/scripts/show/2210

=============================================================================================================

Gᴍ@ɪʟ Rᴇ@ᴅᴇʀ F0ʟᴅᴇʀ

Gmail ရဲ့အတွင်းထဲကို Google Reader ရဲ့ချိတ်ဆက်ပြီး Folder လေး 1ခုတည်ဆောက်ထားပါလိမ့်မယ်။ အဲ့ဒီ့ Folder မှာ Google ရဲ့သတင်းမှန်သမျှရှိနေတဲ့အတွက်1ခြားနေရာတွေကနေ သတင်း

တွေကိုတကူးတက လိုက်ရှာဖို့မလိုတော့ပါ။

http://www.userscript.org/script/show/8598

=============================================================================================================

G00ɢʟᴇ Rᴇ@ᴅᴇʀ Iɴᴛᴇʀɢʀ@ᴛɪ0ɴ

Google Reader ရဲ့လျှို့ဝှက်ချက်တွေ၊ ဆောင်ရန်ရှောင်ရန်ကအစ ပါဝင်ပြီး GReader နဲ့ပတ်သက်သမျှအစုံအလင်ဆုံး Extension 1ခုလိုဆိုနိုင်တဲ့ Script 1ခုပါ။

http://www.userscript.org/scripts/show/8450

=============================================================================================================

C0ɴᴠᴇʀs@ᴛɪᴏɴ Pʀᴇᴠɪᴇᴡ

တကယ်လို့ Gmail ထဲကိုစာအသစ်တွေရောက်နေခဲ့လျှင် အဲ့ဒီ့စာကို Click နှိပ်ပြီးမဖွင့်ခင်မှာ နမူနာသဘောမျိုး 'Preview' 1ခုအနေနဲ့ပြသပေးမဲ့ Script ပါ။ 'Image' တွေနဲ့ဖက်ပါလာတက်တဲ့ Spam

Massage တွေနဲ့ Virus Massage တွေရဲ့ အန္တရာယ်ကရှောင်ရှားနိုင်ဖို့အတွက်သင့်တော်ပါတယ်။

http://persistant.info/greasemonkey/gmail-previes.user.js

=============================================================================================================

သီးသန့် လမ်းညွှန်ချက် အကြံပြုချက်များ

Spam တွေကိုကာကွယ်ဖို့အတွက်ဖြစ်စေ၊ ကိုယ်လိုချင်တဲ့စာတွေ ပုံတွေ ကိုသီးသန့်စုဆောင်းချင်လို့ဖြစ်စေ၊ ဘယ်လိုအကြောင်းမျိုးကြောင့်ပဲဖြစ်စေ Gmail Inbox အတွင်းမှာ အရေးကြီးဆုံးက Filter

တွေကိုကျွမ်းကျွမ်းကျင်ကျင်တည်ဆောက်ဖို့ပဲဖြစ်ပါတယ်။ အခုလိပ်စာမှာရှိတဲ့ Filter တည်ဆောက်နည်းတွေနဲ့ အဆင့်မြင့်လမ်းညွှန်ချက်တွေက သင့်ကို Gmail မာစတာ 1ယောက်ဖြစ်အောင် ကူညီ

ပေးပါလိမ့်မယ်။

http://lifehacker.com/softward/hack-attack/build-adcanced-gmail-fil...

Hotmail,yahoomail,(or) outlook expressမှာရှိတဲ့ Email စတဲ့ Mail မျိုးစုံကိုစုစည်းပြီး Gmail ထဲကိုပို့ဆောင်နိုင်စေဖို့ နည်းလမ်းတွေကိုတော့ အခု နေရာမှာရနိုင်ပါတယ်။

http://www.zoliblog.com/blog/archives/2007/3/28/2840555.html

တကယ်လို့ Gmail user 1ယောက်ယောက်သေဆုံးသွားခဲ့ရင် အဲ့ဒီ့ Acc ကို ကိုယ်ရယူနိုင်သလားဆိုတာဟာ အလွန်စိတ်ဝင်စားဖို့ကောင်းပါတယ်

http://seroundtable.com/archives/013645.html

Gmail ကသာ https layer ကိုသုံးစွဲပေမဲ့ သူ့ကိုဝိုင်းဝန်းထောက်ပံ့နေတဲ့ တချို့ Fatures တွေဟာ SSL ကိုမသုံးစွဲနိုင်ဘူး။ SSL ကိုမသုံးစွဲတဲ့အတွက် ကိုယ့်ရဲ့ Email တွေဟာ လုံခြုံသင့်သလောက်မ

လုံခြုံဘူးလို့ထင်မြင်ချက်တွေနဲ့ သံသယပွားနေရင် အခုလိပ်စာမှာ ၀င်ရောက်လေ့လာနိုင်ပါတယ်။

http://wikihow.com/Hack-Gmail-notifier-to-Use-SSL

Gmail မှာရှိတဲ့ Contacts လိပ်စာတွေဟာ Gtalk သုံးစွဲသူအချင်းချင်းနဲ့ တခြား Gmail ကိုလက်ခံရတဲ့ IM services တွေအတွက် လက်ခံပါတယ်။ အဲ့ဒီ့လိုပဲ Yahoo,Hotmail ထဲမှာရှိတဲ့ Contacts

လိပ်စာတွေကို Gmail ထဲကိုရွှေ့ပြောင်းထားနိုင်ရင် Virus ရဲ့ Spam အန္တရာယ်ကစပိုပြီးလုံခြုံမှာပါ။

http://e-eseasy.com/Inport-Hotmail-Contaces-Gmail-aspx

Gmail ထဲမှာရှိတဲ့ Massage တွေမှန်သမျှ "Outlook"express ကနေတစ်ဆင့်လက်ခံပြီး အလိုအလျောက် Download လုပ်ဆောင်နေစေနိုင်မဲ့နည်းလမ်းတစ်ချို့ကိုတော့ အခုလိပ်စာမှာရနိုင်ပါတယ်။

http://geektronica.com/2007-04-07-howto-redown-load-gmail-massages

(into-outlook)

Gmail ထဲက Massage တွေကို "Back up" လုပ်ထားဖို့လိုအပ်တယ်လို့ 1ခါ1လေများတွေးတောမိပါသလား။ အလွန်လွယ်ကူတဲ့လုပ်ဆောင်ချက်တွေနဲ့ Gmail ကို Back up လုပ်ဆောင်စေနိုင်မဲ့အ

အကြံပြုချက်နည်းလမ်းတွေကို ရနိုင်တဲ့နေရာကိုသွားရောက်လေ့လာကြည့်သင့်ပါတယ်။

http://googletutor.com/2007/03/29using-google-group-to-back-up-gmail

Gmail ကနေ1ဆင့် Google Calendar ကိုချိတ်ဆက်အသုံးပြုပြီး Gmail Inbox ထဲမှာရက်စွဲ1ခုချင်းအလိုက်လက်ခံရရှိခဲ့တဲ့ (သို့) ပို့ဆောင်မဲ့ Mail တွေကိုစိတ်ကြိုက် Organize လုပ်နိုင်တဲ့အခွင့်အ

လမ်း 1ချို့ကို ဒီနေရာမှာဖော်ပြထားပါတယ်။

http://blogoscoped.com/archive/archive/2007-04-25-html

"Ubuntu" ဟာ "XP,OSX,Linux" တို့လို Operation system 1ခုဖြစ်ပါတယ်။ XP လိုမဟုတ်ဘဲ မြင့်မားတဲ့လုံခြုံရေးစနစ်ရှိပြီး Open-source အနွယ်ဝင်ဖြစ်တဲ့အတွက် Programmer တွေလောက

မှာ အလွန်သတင်းမွှေးပါတယ်။ အခုလိပ်စာမှာတော့ "Ubuntu" OS အပေါ်မှာ Gmail ကို Client software 1ခုအနေနဲ့လုပ်ဆောင်ဖို့နည်းလမ်းတွေကို လမ်းညွှန်ထားပါတယ်။

http://howtogeek.com/howto/ubuntu/set-gmail-as-de-fault-mail-client...

Google calendar နဲ့ချိတ်ဆက်ပြီး Gmail အတွင်းထဲမှာရှိတဲ့ လိပ်စာရှင်တွေဆီကို အကြောင်းကြားပို့ဆောင်ပေးနိုင်မဲ့ နည်းလိမ်းတွေကိုလိုလျောက်လုပ်ပေးနိုင်တဲ့အတွက် Gamil ကိုအသုံးပြုပြီး စီး

ပွားရေးလုပ်ငန်းတွေကိုလုပ်ဆောင်ဖို့ရည်ရွယ်ထားတဲ့ လူတွေအတွက် သင့်တော်မဲ့နည်းလမ်းများစွာရှိပါတယ်။

http://lifehacker.com/sofrware/google-calendar-geek-to-live-sync-go...

Gmail အတွင်းထဲမှာရှိတဲ့ Fonts,Fontsize,Smiley icon စတာတွေမှာ ကိုယ်လိုချင်တာတွေမတွေ့ခဲ့ရသေးလျှင် ဒီနည်းလမ်းတွေကိုသာလုပ်ဆောင်ကြည့်မယ်ဆိုရင် Gmail ရဲ့ဖုံးအုပ်ထားတဲ့လျှို့ဝှက်

ချက်တွေကိုရရှိနိုင်မှာပါ။ ( အထူးသဖြင့် Better Gmail ရဲ့ Extension လုပ်ဆောင်ချက်တွေကို 1ဆင့်ချင်းရှင်းလင်းပြသပေးထားတဲ့အတွက် အားကိုးရတဲ့ Tip တွေဖြစ်ပါတယ်။

http://5thirtyone.com/archives/821

သင့်မှာရှိရှိသမျှ Email Acc တွေကို Gmail နဲ့အတူဖွဲ့စည်းတည်ဆောက်နိုင်ပါတယ်။ အကုန်လုံးကို1စု1ဝေးတည်းဖွဲ့စည်းတည်ဆောက်နိုင်တဲ့နည်းလမ်းများကိုဖော်ပြပေးထားပါတယ်။

http://z-oc.com/blog/2007/06/manage-all-your-email-account-with-gmail

"Fetchmail" နဲ့အတူ Gmail ကို "Back up" လုပ်ဆောင်နိုင်ဖို့လမ်းညွှန်ပြသမှုတွေကို ပုံစာတွေနဲ့1ဆင့်ချင်းရှင်းလင်းဖော်ပြပေးထားပါတယ်။

http://lifehacker.com/software/gmail/geek-to-live-back-up-gmail/wit...

"Mozilla" အဖွဲ့အစည်းကထုတ်ဝေထားခဲ့တဲ့ အခမဲ့ Email software ဖြစ်တဲ့ "Tunderbird" ကိုကိုယ့်ရဲ့ Email client 1ခုအနေနဲ့ "Default" ထားခဲ့မယ်ဆိုရင် Gmail ကို Client mail 1ခုအနေနဲ့သုံးစွဲ

နိုင်ပါလိမ့်မယ်။ Gmail သာ Clien 1ခုအနေနဲ့ ကိုယ့် Mail Server ကနေ၀င်ထွက်လက်ခံနိုင်ပြီဆိုရင် Attachment ဖိုင်တွေကို စိတ်ကြိုက်ပမာဏတွဲချိတ်လို့ရနိုင်တော့မှာပါ။ ဒါ့အပြင်ကိုယ့် PC မှာရှိတဲ့

Disk ပမာဏဟာ ကိုယ့်ရဲ့ Mail storage ဖြစ်တဲ့အတွက်လိုအပ်သလိုသုံးစွဲလက်ခံနိုင်မှာဖြစ်ပါတယ်။ အခုလိပ်စာမှာ "Tunderbird" နဲ့ "Gmail" ကိုဘယ်လိုချိတ်ဆက်မလဲဆိုတာကိုရှင်းပြထားပါတယ်

http://email.about.com/odmozilla-thuderbird-tips/qt/et12160.html

IMAP 1ခုအနေနဲ့ Gmail ကိုသုံးဖို့နည်းလမ်းတစ်ချို့ရှိပါတယ်။ တကယ်လို့လမ်းညွှန်းချက်တွေကိုသာ အပြည့်အ၀လိုက်နာဆောင်ရွက်ခဲ့မယ်ဆိုရင် Offine ဖြစ်နေချိန်မှာတောင် Gmail Inbox ထဲက

Massage တွေကို စိတ်အေးလက်အေးဖတ်ရှုနေလို့ရနိုင်မယ်လို့ဆိုထားပါတယ်။

http://downloadsquad.com/2007/07/11/how-to-use-gmail-ove-imap-and-t...

Microsoft ထုတ် Outlook(email client software),Gcal(Google Calendar),Ipod(apple ရဲ့သီချင်းဖွင့်စက်)၊ Mobile phone အစရှိတဲ့ Gmail လက်ခံပေးပို့နိုင်တဲ့ ပရိုဂရမ်တွေနဲ့ Gmail ကိုဘယ်

လိုချိတ်ဆက်မယ်ဆိုတဲ့ နည်းလမ်းတွေအများကြီးရှိနေပါတယ်

http://internetduct-tape.com/2006/08/11

"Fire PG"extension ကိုနားမလည်သဘောမပေါက်သေးတဲ့လူတွေအတွက် အဲ့ဒီ့ Extension ကိုအသုံးပြုပြီး Gmail အတွင်းမှာ Massage တွေကိုဘယ်လိုနည်းလမ်းမျိုးနဲ့ရုပ်ဖျတ်လဲ ဘယ်လိုသော့

ချက်တွေကို သုံးစွဲပြိးပြန်လည်ပုံဖော်မလဲဆိုတာတွေကို ရှင်းပြထားတဲ့နေရာဖြစ်ပါတယ်။

http://linux.com/artic-les/62369

Gmail attachement ဖိုင်တွေအလုပ်လုပ်ပုံအကြောင်းကိုအစုံအလင်တွေ့ရပါမယ်။ ဘာကြောင့် "Zip"extension တွေကိုလက်မခံရတာလဲ၊ Attach မှာ".exefile" တွေကိုဘယ်လိုတွဲချိတ်ပို့ဆောင်နိုင်မ

လဲ၊ ".dox"extension တွေနဲ့ Mail ကိုဖွင့်ဖတ်သင့်မဖတ်သင့်အစရှိတဲ့ Gmail ရဲ့ "attach"File တွေနဲ့ပတ်သက်သမျှလမ်းညွှန်ပြသပေးနေတဲ့ နေရာ1ခုဖြစ်ပါတယ်။

http://googlesystem.blogspot.com/2007/04/gmail-attachments.html

Gmail server ကနေတရားဝင်ပိတ်ပင်ထားတဲ့ File Type တွေရှိပါတယ်။ ဥပမာအားဖြင့် ".jar",".exe",".zip" စတဲ့ File extension တွေကိုလှည့်ကွက်1ခုအနေနဲ့ပို့ဆောင်စေနိုင်ဖို့ Guide Line တွေ

ဖြစ်ပါတယ်။ အလွန်လွယ်ကူရိုးစင်းတဲ့ လမ်းညွှန်ချက်တွေဖြစ်တာမို့ တစ်မဟုတ်ချင်းနားလည်သဘောပေါက်သွားနိုင်ပါတယ်။

http://lobnol.blogspot.com/2005/12.cheat-gmail-an-tivirus-scanner-a...

1ခါ1လေမှာကိုယ့် Gmail Inbox ထဲကိုကိုယ်တိုင်တောင်မမှန်းဆမိတဲ့ Spam ကြော်ငြာတွေရောက်နေတတ်ပါတယ်။ အဲ့ဒီ့ကြော်ငြာတွေကိုကိုယ့် Gmail လိပ်စာထဲကိုဘယ်သူတွေကလမ်းညွှန်လိုက်

တာပါလိမ့်ဆိုတဲ့အချက်ကိုရှင်းပြထားပြီး Spammers တွေကို လိပ်စာရောင်းစားနေတဲ့ သံသယရှိရတဲ့ Website တွေကိုဘယ်လိုတုံ့ပြန်မလဲဆိုတာကိုရှင်းပြထားပါတယ်။ "PostFix" နဲ့ "Fetch-mail"

ကိုသုံးစွဲပြီး Gmail ကို Linux အပေါ်မှာဘယ်လိုတည်ဆောက်မလဲ၊ linux နဲ့အလုပ်လုပ်ပုံဟန်ပန်တွေအတုယူပြီး လုံခြုံမှုပြည့်ဝတဲ့ Gmail 1ခုကိုဘယ်လိုတည်ဆောက်မလဲဆိုတာ အောက်ပါလိပ်စာမှာ

လေ့လာအကဲခတ်နိုင်ပါတယ်။

http://souptonuts.sourceforge.net/postfix-tutorial.html

Gmail အတွင်းမှာရှိနေတဲ့ Massage တွေကို Keyboard ကခလုတ် 1ခုနှိပ်လိုက်ရုံနဲ့ဖျတ်ပစ်ချင်တယ်ဆိုရင် Keyboard shortcuts တွေရဲ့လျှို့ဝှက်ချက်တွေကိုဖွင်ဟထားတဲ့လိပ်စာမှာရယူထားနိုင်ပါ

တယ်။

http://labonlblogspot.com/2007/03/gmail-delete-keyboard-shortcut-wo...

Google ကနေတရားဝင်တည်ဆောက်ပေးထားတဲ့ "Shortcuts" တွေကိုတော့ရပါပြီ၊ ဒါပေမဲ့ ကိုယ်ဖန်တီးထားတဲ့ "label" တွေအတွက် "Shortcuts" တွေလိုချင်သေးရင်တော့ Google System မှာ

အကြံပေးလမ်းညွှန်ချက်တွေနဲ့အတူ တခြားလူတွေတည်ဆောက်ထားပြီးသား Shortcuts တွေလည်းသုံးစွဲနိုင်ပါတယ်။

http://googlesystem.blogspot.com/2007/05/shortcuts-for-special-gmai...

ဒါမှမဟုတ် Cyber ကနေအပြန်မှာ Gmail ရဲ့ Shortcuts လက်ကွက်တွေကို မေ့သွားနိုင်တဲ့အတွက် အဲ့ဒီ့လက်ကွက်လေးတွေကို Print ထုတ်ပြီးအိမ်မှာသီးသန့်လေ့လာချင်တယ်ဆိုရင်အခမဲ့ Print

ထုတ်ခွင့်ပေးထားတဲ့ Gmail shortcuts key တွေကို ဒီလိပ်စာမှာရရှိနိုင်ပါတယ်။

http://comp/nus.edu.sg/~kanmy/gmail/gmail/keys.html

Google ရဲ့ Programmer တွေထဲမှာ "Matt-cuttls" ဟာတန်ဖိုးရှိတဲ့လမ်းညွှန်အကြံပေးချက်တွေကို ဖြန့်ဝေပေးတာကြောင့်လူချစ်လူခင်များလှပါတယ်။ သူ့ရဲ့ Blog ဟာ1နေ့ကို လူ3သောင်းကျော်ဝင်

ရောက်ကြည့်ရှု့ကြတဲ့အထဲမှာ 75% ဟာ Programming ကိုစိတ်ဝင်တစားလေ့လာနေတဲ့လူတွေနဲ့ ထိပ်ထိပ်ကြဲ Programmer တွေပါဝင်ပါတယ်။ အခုနေရာဟာ "Matt-cutts" ရဲ့ Tips တချို့ပါ။

တကယ်လို့သင်ရဲ့ Gmail inbox ပြည့်လုနီးပါးဖြစ်လာပြီဆိုပါတော့။ သုံးစွဲမှု % ကလဲ 99.9% လောက်ကိုဖြစ်နေပြီ။ Google ကနေအလိုအလျောက်တိုးပေးနေတဲ့ Storage ပမာဏကလဲ 1နေ့1နေ့

လက်ခံရရှိတဲ့ "Spam" အရေအတွက်နဲ့ထပ်တူနီးပါးကျနေပြီ။ ဒီတော့ Gmailbox ဟာမကြာခင်မှာပြည့်တော့မယ်။ အမှန်အကန် Email အသစ်တွေကိုလက်မခံနိုင်တော့လောက်အောင်များနေပြီးဆိုပါ

စို့။ အဲ့ဒီ့အခါမှာသင်ဘာလုပ်မလဲ၊ အဲ့ဒီ့အခါမှာဘယ်နေရာမှာရှိတဲ့ Mailbox ကိုသန့်ရှင်းအောင် ဘယ်လိုလုပ်မလဲစတဲ့ အချက်အလက်တွေကို 1ခုချင်းစနစ်တကျရှင်းလင်းဖော်ပြထားပါတယ်။

http://mattcults.com/blog/three-solid-gmail/productivity-tips/

ကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်တဲ့ Gmail ကိုအခြေခံအဆင်ကနေစတင်ပြီးအဆင့်မြင့်နည်းပညာတွေအထိ ကျွမ်းကျွမ်းကျင်ကျင်တက်မြောက်စေရန်နည်းလမ်းများစွကိုစုစည်းထားတဲ့ ကမ္ဘာ့အစုံအ

အလင်ဆုံးလမ်းညွှန်ချက်တွေရှိနေတဲ့ လိပ်စာကိုသွားရောက်လေ့လာကြည့်ဖို့ လိုအပ်ပါလိမ့်မယ်။

http://bnura.blogspot.com/2006/09/what-to-do-if-my-gmail-gets-full-...

0 comments:

Related Posts Plugin for WordPress, Blogger...