Monday, January 1, 2007

Software မသုံးဘဲ Drive ကို Password ပေးခြင်း

BitLocker ဆိုတာက Computer မှာတပ်ထားတဲ့ Storage Drive တွေကို Encrypt လုပ်ပစ်လိုက်တာ။ ဒီလို Encrypt လုပ်တဲ့နေရာမှာလည်း Encrypting File System (EFS) နဲ့ မတူပါဘူး။ EFS က File တစ်ခုချင်းကို ရွေးချယ်ပြီးတော့ Encrypt လုပ်လို့ရတယ်။ BitLocker ကတော့ Drive တစ်ခုလုံးကို Encrypt လုပ်လိုက်တာပါ။

Memory Stick ဆိုပါစို့။ Stick ကို ကျွန်တော်ကPassword ပေးပြီး Encrypt လုပ်လိုက်တယ်ဗျာ။ ဒါဆိုရင် ကျွန်တော့်ရဲ့ Stick ကို သုံးတဲ့အခါတိုင်းမှာ Password ရိုက်ထည့်ပေးမှပဲ အထဲက Files တွေကိုသုံးလို့ ရမယ်။ Windows မတူရင်ရောရလား လို့ မေးစရာတစ်ခုရှိပါမယ်။ ရပါတယ်။ XP နဲ့ Vista စက်တွေမှာလည်း BitLocker က ကောင်းကောင်းအလုပ်လုပ်ပါတယ်။

BitLocker ကို အသုံးပြုခြင်းဖြင့် ဘာကောင်းတာတွေရမလဲဆိုတော့ အဓိက Security ပါ။ ကိုယ့်ရဲ့ Files ကို အလွယ်တစ်ကူ Copy ယူလို့မရသလို၊ Delete လုပ်လို့လည်းမရနိုင်ပါဘူး။ လုပ်ချင်ရင်တောင်မှ Password ကိုကျော်မှ ရပါမယ်။ ဒါကတော့ အတော်မလွယ်တဲ့နည်းပါ။

BitLocker နဲ့ Encrypt လုပ်ထားတဲ့ Drive ကို ပုံမှန်သုံးလို့ရပါတယ်။ နောက်ထပ်အသစ်ထည့်လိုက်တဲ့ Files တွေကိုလည်း အလိုလို Encrypt လုပ်လိုက်ပါတယ်။ File တွေဟာ BitLocker သုံးထားတဲ့ Drive ထဲမှာ ရှိနေသမျှတော့ Encrypt ဖြစ်နေမှာပါပဲ။ Encrypt လုပ်ထားတဲ့ Drive ထဲက Files တွေကို တစ်ခြား Drive ၊ တစ်ခြား Computer ထဲကို copy လုပ်လိုက်တဲ့အချိန်မှာ အဲဒီ Files တွေဟာ Decrypt ဖြစ်သွား ပါတယ်။

System Drive ကို BitLocker နဲ့ Encrypt လုပ်မယ်ဆိုရင်တော့ Trusted Platform Module (TPM) ဆိုတဲ့ chip ရှိရပါမယ်။ Computer ကို ဖွင့်လိုက်တဲ့အချိန်မှာ BitLocker ဟာ System Drive ကို အသုံးပြုဖို့ အတွက် key ကို TPM ဆီမှာတောင်းပါတယ်။ System Drive ကိုလည်း Encrypt လုပ်ထားနိုင်ပါတယ်။

BitLocker ကို Vista မှာကတည်းက မြင်ဖူးမိတာပါ။ ဒါပေမဲ့ BitLocker ဆိုတာကြီးကို မစမ်းဖြစ်ဘူး။ ဒါကလည်း ခက်ခက်ခဲခဲမရှိ ပါဘူး။ အောက်ကပြောထားတဲ့အတိုင်းပဲ လုပ်ကြည့်လိုက်ပါဦး။ ကျွန်တော်စမ်းကြည့်တဲ့ Memory Stick ကတော့ SanDisk 4GB ပါ။ Encrypt လုပ်တဲ့ကြာချိန်က ၇ မိနစ်ကျော်ပါတယ်။ Decrypt ပြန်လုပ်တဲ့ အခါမှာတော့ ၁၀ မိနစ်ကျော်ပါတယ်။ Encrypt နဲ့ Decrypt လုပ်နေစဉ်အတွင်းမှာ သတိပေးထားတာကိုတော့ လိုက်နာဖို့တော့လိုပါမယ်။

To turn on BitLocker

1. Click to open BitLocker Drive Encryption.

2. Click Turn On BitLocker. This opens the BitLocker setup wizard. Follow the instructions in the wizard. If you are prompted for an administrator password or confirmation, type the password or provide confirmation.

အပေါ်က အဆင့်အတိုင်းလေးလုပ်ကြည့်ပြီးတဲ့အခါမှာတော့ Windows 7 မှာ ပြန်စမ်းကြည့်တယ်။ အလုပ်လုပ် တယ်။ Vista စက်မှာစမ်းတော့လည်း အဆင်ပြေနေတုန်းပဲ။ XP မှာ စမ်းကြည့်တော့လည်း ကောင်းတုန်းပဲ။ ဒါဆို အိုကေတယ်ပေါ့။ XP စက်မှာ Encrypt Drive ထဲကို Copy ကူးထည့်တာ မရဘူးခင်ဗျာ။ ဒါနဲ့ Vista စက်မှာများ ရမလားလို့စမ်းတော့လည်း မရပါဘူးဗျာ။ Windows 7 မဟုတ်လို့မရပါဘူး လို့ ပြောပါ တယ်။ Windows 7 မှာ Stick ကို တပ်ပြီး Data အသစ်ထပ် ထည့်တော့ရပါတယ်။ ကျွန်တော်တွေးမိတာကတော့ Data ထပ်ထည့်ချင်ရင် Windows 7 စက်ဖြစ်မှရမယ်။ Drive ထဲကနေ Data ထုတ်ချင်ရင်တော့ Windows 7 မဖြစ် လည်း ရပါတယ်။ ကျွန်တော်လည်း အမျိုးမျိုးစမ်းကြည့်ပြီးပါပြီ။

အောက်ကနည်းကတော့ ပြန်ပြီးတော့ Decrypt လုပ်တဲ့နည်းပါ။

To turn off or temporarily suspend BitLocker

1. Click to open BitLocker Drive Encryption.

2. Do one of the following:

To temporarily suspend BitLocker, click Suspend Protection, and then click Yes.

To turn off BitLocker and decrypt the drive, click Turn Off BitLocker, and then click Decrypt Drive.

0 comments:

Related Posts Plugin for WordPress, Blogger...